မောက်မယ် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆရာတော်ကြီးများအား ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ထွေ/အုပ် ဝန်ထမ်းများအားတူညီဝတ်စုံထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်၆နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါနှစ်ပတ်လည်နေ့တွင် ဆရာတော်ကြီးများအား နံနက်အာဂုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များနာယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော်ထံမှ အနုမောဒနာတရားနာကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၉ နာရီ၌ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်သမိုင်းကြောင်း ဗွီဒီယိုဖွင့်လှစ်ပြသပေးခဲ့ပြီး ထွေ/အုပ်အငြိမ်းစား ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ၊ ထွေ/အုပ်ဝန်ထမ်းများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား တူညီဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌတို့က အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)