လားရှိုးမြို့ ဆောင်းအဝင် နှင်းဖွဲများကျရောက်နေပြီဖြစ်ပြီး နံနက်ခင်းကျန်းမာရေးလှုပ်ရှားသူများ ရှိလာ

လားရှိုး နိုဝင်ဘာလ ၇  

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၏ နံနက်ခင်းများတွင် နှင်းဖွဲများကျရောက်နေပြီဖြစ်ပြီး ဆောင်းနံနက်ခင်းတွင် ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှားအားကစားပြုသူများဖြင့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

“အခုရက်ပိုင်း နံနက်ခင်းတွေမှာဆို နှင်းတွေဝေနေအောင် ကျနေပြီ။ ဒီလိုအချိန်တွေမှာဆို နံနက်ခင်းကျန်းမာရေးလှုပ်ရှားသူတွေ လမ်းလျှောက်သူတွေ များတယ်။ စုပေါင်းလမ်းလျှောက်ကြသူတွေရှိလာတယ်။”   ဟု လားရှိုးဒေသခံတစ်ဦးက ဆိုသည်။

လားရှိုးမြို့သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၂၈၀၆ ပေမြင့်သည့် တောင်ပေါ်ဒေသဖြစ်သည်နှင့်အညီ ဒေသခံများ၊ခရီးသွားများအနေဖြင့် ဆောင်းတွင်းကာလများတွင် ရေပူစမ်းသို့ သွားရောက်အပန်းဖြေရေချိုးကြခြင်း၊ တောင်ပေါ်လမ်းလျှောက်ခရီးများ ပြုလုပ်ကြခြင်းများပြုလုပ်လေ့ရှိသည့်ကာလလည်း ဖြစ်သည်။

စိုင်းထွန်း (လားရှိုး)