ကျောက်တလုံးကြီး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရားခန်းတွင် ယနေ့နံနက်(၆း၃၀)နာရီက မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်မှ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက ဆရာတော်သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်ဆက်ကပ်လှူဒါန်းကြပြီး မြို့အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်များက ကောင်ဝိန်းဘုန်းတော်ကြီး ကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒမာလာထံမှ အနုမောဒနာတရားကိုနာယူပြီး သီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇော်နိုင်လင်း