ကွန်ဟိန်း နိုဝင်ဘာ ၇
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၅ နာရီခွဲခန့်က အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများက ဆွမ်း၊ ခဲဖွယ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်တို့ ဟောကြားတော်မူသော"အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်" ကို နာယူကြသည်။
ထိုနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)