မိုင်းပန် နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ ညနေ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အဆိုပါဖလားနောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် မိုင်းပန်(တပ်နယ်)အသင်းနှင့် ရွာသစ်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကစားချိန်(၉၀)မိနစ်အတွင်းတွင် (၁)သင်း(၁)ဂိုးစီရရှိခဲ့ပြီး အချိန်ပိုပိုင်းဖြင့် ရွာသစ်ရပ်ကွက်အသင်းက မိုင်းပန်(တပ်နယ်) အသင်းအား (၂)ဂိုး၊ (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဗိုလ်လုပွဲစဉ်အပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မိုင်းပန်မြို့နယ် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး တင်မင်းလတ်၊ ဒုတိယဗိုလ်မှူးကြီးဇော်လင်း၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် အဖွဲ့ဝင်များတို့က ပထမဆု၊ ဒုတိယဆု ရရှိခဲ့သော ဘောလုံးအသင်းများအား တစ်ဦးချင်းဆွဲပြားများနှင့် ငွေသားဆုများချီးမြှင့်ပေးခြင်း၊ ပြိုင်ပွဲကျင်းပစဉ် တာဝန်ယူဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အားကစားပစ္စည်းများပေးအပ်ခြင်း၊ ပြိုင်ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ အသန့်ရှင်းဆုံးအသင်းနှင့် အသန့်ရှင်းဆုံး ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ အရှေ့တန်း၊ အလယ်တန်းနှင့် အနောက်တန်း အကောင်းဆုံးကစားသမားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြပြီးနောက် အခမ်းအနားရုပ်သိမ်းလိုက်ပါသည်။
နော်မှိုင်း(ပြန်/ဆက်)