ဟိုပုံး နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ တိရစ္ဆာန်ကောင်ရေစာရင်းများအား ဆက်လက်စာရင်းကောက်ယူ ပြုစုလျက်ရှိကြောင်း သိရသည်။
တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းသည် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း လုပ်ငန်းများဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာတွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင် ဆင်နိုင်ရန်ရည်ရွယ်၍ စာရင်းကောက်ယူခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၄)အုပ်စုမှ ကျေးရွာ(၃၇)ရွာ၊ မြို့ပေါ်ရပ်ကွက်(၁)ရပ်ကွက်၊ အိမ်ထောင်စု(၃၇၉၇)စုတို့ကို တိရစ္ဆာန်စာရင်းကောက်အဖွဲ့များက ကောက်ယူလျက်ရှိကြောင်းသိရသည်။ ထို့နောက် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာဝင်းဇင်မောင်၊ ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာ ကောင်းမြတ်ဟိန်းတို့က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်စာရင်းကောက်ယူ လျက်ရှိသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနီနီဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသီဟထွန်းနှင့် တိရစ္ဆာန်စာရင်းကောက်ယူရေးအဖွဲ့တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာလ (၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)