လားရှိုးမြို့တွင် ကျောက်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ဆင်းကျလာသဖြင့် လူနေအိမ်အချို့ပျက်စီး၍ လူသုံးဦးဒဏ်ရာရ

လားရှိုး နိုဝင်ဘာလ ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ရွှေတောင်ကြားကွက်သစ်အနီးရှိ ကျောက်တောင်ပေါ်မှ ကျောက်တုံးလှိမ့်ဆင်းကျလာသဖြင့် လူနေအိမ်အချို့နှင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နေအိမ်များအနီး ကျောက်တောင်ပေါ်ရှိ ကျောက်တုံးသည် ရုတ်တရက် လှိမ့်ဆင်းလာသောကြောင့် ၎င်းလှိမ့်ဆင်းလာရာ လမ်းကြောင်းပေါ်ရှိ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြရကြောင်း သိရသည်။

အဆိုပါ ကျောက်တုံးလှိမ့်ဆင်းလာမှုကြောင့် လူသုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ဗေဒါမာန်လူမှုကူညီရေးအသင်းယာဉ်ဖြင့် လားရှိုးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)