ကာလိ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်းကာ ယနေ့နံနက်(၆)နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် အာရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် ရှေးဦးစွာ ဆရာတော်ကြီးများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများက ဆွမ်းနှင့်ခဲဖွယ်ဘောဇဉ် ဆက်ကပ်ကြသည်။
ယင်းနောက် ကာလိမြို့ ငွေတောင်ဦးသီရီမင်္ဂလာကျောင်းတိုက် ဆရာတော်ဉူးဝိစိတ္တထံမှ "မင်္ဂလာ"တရားတော်ကို ဟောကြားပေးရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် တရားတော်များနာယူကြကာ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထင်ထင်(ကာလိ၊ ပြန်/ဆက်)