တပ်ကုန်းမြို့၌ (၅၄) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီ ၂/၂၀၂၃ ညှိနှိုင်းအစည်းအဝေးကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော်ကြီးသည် အနယ်နယ်အရပ်ရပ်မှ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်၊ လယ်ယာတောင်သူသုံးပစ္စည်းအရောင်းဆိုင်၊ အစားအသောက်ပစ္စည်းအမျိုးစုံအ ရောင်းဆိုင်နှင့်ကလေးကစားစရာအရောင်းဆိုင်များ၊ အပျော်စီးဖြစ်သော ချား၊ ရဟတ်၊ ပင်လယ်ဓားပြနှင့် နိုင်ငံကျော်အဆိုတော် ဖျော်ဖြေရေးယာဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ကိုဗစ်ကာလကြောင့် ယာယီရပ်ဆိုင်းထားသည့် (၅၄)ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကိန်းပွဲတော်ကြီး ပြန်လည်ကျင်းပရေးလုပ်ငန်းကော်မတီ ၂/၂၀၂၃ ညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့ ညနေ ၄နာရီခွဲက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် (၅၄) ကြိမ်မြောက် တပ်ကုန်းမြို့နယ်လုံးဆိုင်ရာမဟာဘုံကိန်းပွဲတော် ကျင်းပရေးကော်မတီ၊ မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန် ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်က ကထိန်မုခ်ဦး ဆောက်လုပ်ရေးနှင့်ဖွင့်လှစ်ရေး၊ ဈေးဆိုင်ခန်းပန္နက်ရိုက်ရေးနှင့် ဈေးကောက် ညှိနှိုင်းရေး၊ ပဒေသာပင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ လုံခြုံရေးနှင့်ဧည့်ခံရေး၊ ဆွမ်းဆက်ကပ်ရေး နှင့်တရားနာပရိသတ်ကျွေးမွေးရေး၊ အထူးပင့်ဆရာတော်တိုးမြှင့်ရေး၊ အလှူငွေရရှိရေးနှင့် ငွေသားပဒေသာပင် သွင်းလှူခြင်းနှင့် ခွဲဝေလှူဒါန်းရေးတို့ကို   ရှင်းလင်းတင်ပြခဲ့ပြီးနောက်၊ တက် ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ မြို့ဖများကလည်း  ယခင်နှစ်များက ပွဲတော်တွင် တာဝန်ယူဆောင်ရွက်ပေးရသည့်လုပ်ငန်းများ ရှင်းလင်းတင်ပြ ခဲ့ကြပြီးနောက် မြို့နယ်ဗုဒ္ဓ သာသနာပြုဗိမာန်ဥပတ္ထမ္ဘက အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်က မြို့နယ်လုံးဆိုင်ရာမဟာဘုံကထိန်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်