ကျောက်ဆည် နိုဝင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာစာပေကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စာရေးဆရာများမှ ဦးဆောင်ကျင်းပပြုလုပ်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
စာမူများ ဖိတ်ခေါ်ရာတွင် မြန်မာနိုင်ငံ စာဆိုတော်နေ့အကြာင်းများနှင့် ပတ်သတ်၍ ရေဖွဲ့ထားသည့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ဖြစ်ကြောင်းနှင့် စာမူများ ရေးသား ပေးပို့ရာတွင် ဝတ္ထုတို ပြိုင်ပွဲအတွက် စာမျာက်နှာ (၃) မျက်နှာမှ (၅) မျက်နှာအတွင်း မိမိနှစ်သက်သလို ရေးဖွဲ့နိုင်ကြောင်း၊ ကဗျာပြိုင်ပွဲအတွက် ကဗျာများ ရေးသားရာတွင် မိမိတို့ နှစ်သက်ရာ ကဗျာအမျိုးအစားများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကာတွန်းပြိုင်ပွဲအတွက် စာရွက်အဖြူအပေါ်တွင် မင်အနက်တစ်မျိုးတည်းဖြင့်သာ ထိထိမိမိ တစ်မျက်နှာ ရေးဆွဲရမည် ဖြစ်ကြောင်းနှင့် ဝင်ရောက်ယှည်ပြိုင်သူများအနေဖြင့် ဘာသာရပ်တစ်မျိုးလျှင် စာမူတစ်ပုဒ်သာ ယှဉ်ပြိုင်ခွင့်ရှိပြီး ဘာသာရပ်အားလုံး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ စာမူများကို A4 စာရွက်ဖြင့် ရေးသားပြီး အခြားစာမူများမှ ကူးချခြင်း၊ အခြားစာအုပ်စာစောင်များတွင် ဖော်ပြခံရခြင်း မရှိစေဘဲ ကိုယ်တိုင်ရေးသားထားကြောင်း ဝန်ခံချက်၊ ကလောင်အမည်၊ အမည်ရင်း၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပြည့်စုံစွာရေးသားရမည် ဖြစ်ကြောင်း သိရသည်။
စာမူများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်ထံသို့ ပေးပို့ရမည်ဖြစ်ကြောင်းနှင့် အခြေခံပညာ ကျောင်းများတွင်လည်း မြန်မာနိုင်ငံ စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စာရေးဆရာများအသင်း အစည်းအဝေးမှ သိရသည်။
သက်မောင်(ကျောက်ဆည်)