သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်

သာစည် နိုဝင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၁) ရပ်ကွက်၌ တစ်အိမ်တက်ဆင်း စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေးပြီး မီးဖိုကိုလုံခြုံစိတ်ချရသော အကာအရံများဖြင့်အသုံးပြုရန်နှင့် မီးဖိုအသုံးပြုစဉ် လူအမြဲရှိနေစေရန်၊ လျှပ်စစ်မီးကိုအသုံးပြုရာတွင် စနစ်တကျရှိစေရန်နှင့် ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအသုံးမပြုရန်၊ လူနေအိမ်၊ စက်ရုံအလုပ်ရုံအဆောက်အအုံများနှင့် နေအိမ်ဝိုင်းခြံများ၌ အတွင်းအပြင် အမြဲမပြတ်သန့်ရှင်းရေးဆောင်ရွက်ထားရန်၊ မီးသတ်ဆေးဘူးများ အဆင်သင့် ဆောင်ရွက်ထားရှိမှုများနှင့် စနစ်တကျအသုံးပြုတတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ ပြည့်စုံစွာထားရှိရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနက အသိပညာပေးနှိုးဆော်ချက်များအား လိုက်နာကြရန်တို့ကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အထောက်အကူပြုအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)