ညောင်ဦးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၃၅ နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

ညောင်ဦး နိုဝင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီး၌ ညောင်ဦးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ နိုဝင် ဘာ ၇ ရက်နေ့ တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲတွင် ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၂)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်း(၄)ဦးတို့က သွေး လိုအပ်နေသူများ အတွက် စုပေါင်းသွေးလှူဒါန်းကြရာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးဦးစီး ဌာန၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်၊ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဖီးကြမ်းငှက်ပျောဖီးများ၊ ကြက်ဥများ၊ အချိုရည်ဗူးများ၊ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံး၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်ထွန်းက ကြက်ဥများ၊ အားဆေးတို့ကို သွေးလှူဒါန်းသည့် ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း