သာစည် နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် သာစည်-ညောင်ရမ်းမှ ကုက္ကိုစု-မရွေး-သနပ်ကန်လမ်းအား ကျောက်ချောလမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
သာစည်မြို့နယ်တွင် သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်း လမ်းအရှည် ၁ မိုင် ၂ ဖာလုံ ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံငွေရင်း ရန်ပုံငွေ (၁၉.၆၈ သန်း) ဖြင့် ဇူလိုင်လပထမပတ်မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်းအား ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးခြင်းကြောင့် ကုက္ကိုစု၊ မရွေး၊ သနပ်ကန်ကျေးရွာများမှ အိမ်ခြေ (၅၉၀)အိမ်၊ လူဦးရေ (၂၇၃၇)ဦး တို့၏ စီးပွားရေး လူမှုရေး ၊ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ အတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြိုနယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)