မန္တလေး နိုဝင်ဘာ ၆
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် စာပေဗဟုသုတရှာမှီးနိုင်စေရန်အတွက် မိုဘိုင်းရွေ့လျားယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အ-ထ-ခွဲ(၂၉) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ကျောင်းသူများ အားလပ်ချိန်ကို စာပေဖတ်ရှု ခြင်းဖြင့် အသုံးချတတ်စေရန်၊ စာပေဗဟုသုတနှင့်ပြည့်စုံသော လူငယ်၊လူရွယ်များဖြစ်လာစေရန်၊ အကြောင်းအမျိုးမျိုးကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ကျောင်းသူများ စာပေဖတ်ရှုသည့် အခွင့်အလမ်းရရှိစေရန်၊ စာပေဗဟုသုတများကို ရှာဖွေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် တွေးခေါ်မြော်မြင်တတ်သည့် စိတ်ဓါတ်ရင့်သန်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် စာအုပ်၊ စာစောင်များကို လာရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း စာငှားသူမောင်မယ်များကို ရှင်းလင်းဆွေးနွေးပြီး စာအုပ်၊စာစောင်များကို စတင်ငှားရမ်းပေးပါသည်။
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုဘိုင်းရွေ့လျားယာဉ်ဖြင့် ဌာနဆိုင်ရာများ၊ ကျောင်းများသို့ အပတ်စဉ်စာငှားဆောင်ရွက်ပေးလျက်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်၊ စာစောင်များကို လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)