ညောင်ဦး နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အသက် ၁၈ နှစ်အောက် အခြေခံပညာအဆင့်ကျောင်းများ အားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် လူရွေးချယ်ပွဲများကို ညောင်ဦးမြို့နယ် ရွှေစည်းခုံဘုရားအနီး ပြည်သူ့အားကစားကွင်းကြီးတွင် ယနေ့ဆက်လက် ကျင်းပလျက်ရှိကြောင်းသိရသည်။
ရှေးဦးစွာ (ခေတ္တ)မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝင်းက အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် ကျောင်းသားကျောင်းသူများ၊ဒိုင်လူကြီးများနှင့်တွေ့ဆုံ၍ လူရွေးချယ်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ အားကစားစိတ်ဓာတ် အပြည့်ဖြင့် ကစားကြရန် ပြောကြားသည်။ လက်ရွေးစင်ရွေးချယ်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များ၊ အခြေခံပညာအလယ်တန်းဆင့် ကျောင်းများမှကျောင်းသား ကျောင်းသူများပါဝင်ကြပြီး ကျောင်းအဆင့်မြို့နယ် အားကစား လက်ရွေးစင် ရွေးချယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အားကစားပြိုင်ပွဲများဖြစ်သည့် ဘောလုံး၊ ဘောလီဘော၊ ပြေးခုန်ပစ်အားကစားနည်းခုနှစ် မျိုး၊ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲများကနေ သတ်မှတ်အားကစားသမားဦးရေအတိုင်း ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်အဆင့်ရွေးချယ်ခံရသော ကျောင်းသားကျောင်းသူများသည် ညောင်ဦးခရိုင် အဆင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကာ ရွေးချယ်ခံရပါက ခရိုင်အဆင့် ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း