တိုက်ကြီး နို၀င်ဘာ ၆
အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး၀တ်စုံနှင့် ရှာဖွေကယ်ဆယ်ရေး၀တ်စုံများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် ပရဟိတအသင်းအဖွဲ့၀င်များအား မီးငြှိမ်းသတ်ရေး၀တ်စုံနှင့် ရှာဖွေကယ်ဆယ်ရေး၀တ်စုံများကို အသီးသီးပေးအပ်သည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့၀င်များနှင့် ပရဟိတအသင်းအဖွဲ့များသည် မီးဘေးလုံခြုံရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)