စမ်းချောင်း နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂ဝ၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်ထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသူရဆွေမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ စုစုပေါင်း(၅၅)ဦး တက်ရောက်ကြောင်း သိရသည်။ သင်တန်းကို နိုဝင်ဘာလ (၆) ရက်နေ့မှစတင်၍ ဒီဇင်ဘာလ (၁) ရက်နေ့အထိ ရက်သတ္တပတ် လေးပတ်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)