မိုင်းငေါ့ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မြို့ပေါ်(၅)ရပ်ကွက်ရှိ အသက် (၉)နှစ်မှ(၁၀)နှစ် အရွယ် အမျိုးသမီးငယ်များအား ပထမအကြိမ် (HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က မိုင်းငေါ့မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
(HPV)သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရခြင်းနှင့် ပတ်သက်၍ (HPV)ရောဂါကူးစက်ပုံ၊ အိတ်ခ်ျပီပိုးနှင့် ကင်ဆာများဆက်စပ်ပုံ၊ သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက် တွဲ ပြဿနာများ၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းနှင့် ကုသခြင်းများကို ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦး က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကာကွယ်ဆေးကို အသက်(၉)နှစ်မှ(၁၀)နှစ်ကြားရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါ (HPV) ပုံမှန်ကာကွယ်ဆေးကို တစ်နှစ်ခြား(၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုးနှံပြီးပါက သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအားထိရောက်စွာ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)