တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၅) မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

တွံတေး နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ၅ မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က တွံတေးမြို့မဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ထို့နောက် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ့အမျိုးသားဘောလုံးအားကစား အဆင့်အတန်းတိုးတက်မြှင့်မားရေးကို အထောက်အကူပြုစေရေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးရည်ရွယ်ကာ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တို မြို့နယ်အသီးသီးမှ ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အမျိုးသားဘောလုံးအားကစားသမားများ ပေါ်ထွန်းလာစေရေး အဓိကရည်ရွယ်ပြီး သက်တမ်းအလိုက်တွင် လူငယ်အများစုပါဝင်နေသည့်အတွက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများကလည်း အားကစားစိတ်ဓာတ်အပြည့်နှင့် သန့်သန့်ရှင်းရှင်းယှဥ်ပြိုင်ကစားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ခရိုင်၊ တိုင်းဒေသကြီး ကိုယ်စားပြုနိုင်ရေးနှင့် ထူးချွန်ထက်မြက်သော နိုင်ငံတော်ကအားထားရမည့် ဘောလုံးသမားကောင်းများပေါ်ထွန်းလာအောင် ကြိုးစားယှဥ်ပြိုင်ကစားသွားကြရေး တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက်နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ရွတ်ဆိုပြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်နှင့်အဖွဲ့ဝင်များဌာနဆိုင်ရာ အကြီးအကဲများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြောင်း သိရသည်။

ယင်းနောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပထမပွဲစဥ်အဖြစ် တွံတေးမြို့နယ်အသင်းနှင့် ကွမ်းခြံကုန်းမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားကြကာ ပြိုင်ပွဲကို နိုင်ဝင်ဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၈ ရက်နေ့အထိ နံနက် ၈ နာရီတွင် တွံတေးမြို့မဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

တွံတေးသား