ဆွမ်ပရာဘွမ် နိုဝင်ဘာ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ရှိ ဘာသာရေးကျောင်းများသို့ အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို နိုဝင်ဘာ(၆) ရက်နံနက် ၇ နာခွဲက အဆိုပါကျောင်းများ၌ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါပေးအပ်လှူဒါန်းခြင်းကို ဆွမ်ပရာဘွမ်မြို့ပေါ်ရှိ ဘာသာရေးကျောင်းများ၌ ဖွင့်လှစ်ထားသော ဘော်ဒါဆောင်နေကျောင်းသား/ကျောင်းသူများနှင့်ဘာသာရေးဆရာ/ဆရာမများအားစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှအဆင်ပြေစေရန်ရည်ရွယ်လျက်ခလရ(၄၆)နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများက ကက်သလစ်အသင်းတော်၊ နှစ်ခြင်းအသင်းတော်၊ခရစ်တော်၏ အသင်းတော်၊ အေဂျီအသင်းတော် ၁/၂ ကျောင်းများ၌ အလှူငွေများနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥစသည့် စုစုပေါင်းကျပ်သိန်းတန်ဖိုး(၁၁၂၀၀၀၀)အား တာဝန်ရှိသူအသီးသီး၏ လက်ဝယ်အရောက်ပေး အပ်လှူဒါန်းခဲ့ကြသည်။
ယင်းသို့လှူဒါန်းထောက်ပံ့ခြင်းအား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင် များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်အေးအေးကျော့နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဝင်များက ပါဝင်ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)