ကျိုက်မရော နိုဝင်ဘာ ၆
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ပညာရေးမှူးရုံးက ဦးဆောင်၍ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့်လူရွေးချယ်ပွဲကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့အားကစားပြိုင်ကွင်း၌ ကျင်းပလျက်ရှိသည်။ ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညဏ်လင်း ကအားကစားသမားများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
မြို့နယ်အဆင့်လက်ရွေးစဥ် ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများသည် မော်လမြိုင်ခရိုင်၌ ခရိုင်အဆင့် သွားရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပြီး ထပ်မံရွေးချယ်ခံရ ပါကခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင် ကြရမည်ဖြစ်ပြီး ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဥ်ပြိုင် ကစားနိုင်ရေးအတွက်အသက် ၁၈နှစ်အောက် အမျိုးသားဘောလုံး၊ အမျိုးသမီးဘောလုံး၊ ဘော်လီဘောပိုက်ကျော်ခြင်း၊ ဘတ်စကက်နှင့် ပြေးခုန်ပစ်ကစားနည်းများကို နိုဝင်ဘာ ၅ ရက်မှ ၉ရက်အထိ မြို့နယ်အားကစားကွင်း၌ ပြိုင်ပွဲများ ကျင်းပ၍ လူရွေးချယ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိချို (ပြန်/ဆက်)