သပိတ်ကျင်းမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် (တတိယ)အကြိမ် ပြည်သူ့သက်သာစျေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချ

သပိတ်ကျင်း ​နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့က ဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် (၇) နာရီခွဲအချိန်က သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှဦးစီး၍ မြို့နယ်စည်ပင်ဈေးဖြင့် သတ်မှတ်ပေးထားသည့် ပြည်သူ့သက်သာစျေးအရောင်းဆိုင် (တတိယ)အကြိမ် ဖွင့်လှစ်ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိများမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါစျေးရောင်းပွဲတွင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးကိုကိုကျော်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးမှုအဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ကြက်သား ၁ပိဿာလျှင် ၁၁၀၀၀ကျပ်၊ အမဲသား ၁ ပိဿာလျှင် ၁၂၀၀၀၊ ဝက်သား ၁ ပိဿာလျှင် ၁၅၀၀၀၊  စားသုံးဆီ ၁ ပိဿာလျှင် ၅၂၀၀ ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ရာ မြို့ပေါ်နေပြည်သူ (၂၀၀)ဦးခန့် လာရောက်ဈေးဝယ်ယူခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)