ကွန်ဟိန်း နိုဝင်ဘာ ၆
ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နမ့်ခမ်း)၌ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးမှ ကျောင်းသားလူငယ်များ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို လေ့လာဖတ်ရူ့စေလိုကြောင်း၊ စာပေဖတ်ရူ့ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)