မိုင်းရယ်မြို့နယ်၌ မိုးစပါး စံပြကွက်ရိတ်သိမ်း

မိုင်းရယ် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီက နောင်မို ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းရွှေလူပါ(၃)ဦးပိုင်၊ ကွင်းအမှတ် (၁၁)၊ ဦးပိုင်အမှတ်(၆/၇/၈)၌ ပြုလုပ်သည်။

ထိုသို့ နွေစပါးစံပြကွက် ရိတ်သိမ်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ဝန်ထမ်းများက ကောင်း၊ သင့်၊ ညံ့ ခွဲ၍ စံပြကွက် ရိတ်သိမ်းခဲ့ရာ စိုက်ဧက ၁၀ ဧကမှ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း အစို ၁၅၂ ဒသမ ၉၇ တင်း၊ အခြောက် ၁၃၀ ဒသမ ၀၂ တင်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးစိုးမင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ တောင်သူများက တက်ရောက်ကြသည်။

ယင်း မိုးစပါး တစ်ဧက တင်း(၁၀၀) အထွက်နှုန်းရရှိရေး (၁၀)ဧက စံပြကွက်တွင် ယမန်နှစ် ၂၀၂၂-၂၀၂၃ ခုနှစ်က တစ်ဧက ပျမ်းမျှအစိုထွက်နှုန်း ၁၃၂ ဒသမ ၁၉ တင်း၊ အခြောက် ၁၁၉ ဒသမ ၇၂ တင်းထွက်ရှိခဲ့ပြီး ယခုနှစ်တွင် အစို ၂၀ ဒသမ ၂၈ တင်း၊ အခြောက် ၁၀ ဒသမ ၃ တင်း တိုး၍ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)