မိုင်းပန် အောက်တိုဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသူများက သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် စာအုပ်ပါ လူကုန်ကူးမှုဆိုင်ရာ၊ မသန်စွမ်းသူများဆိုင်ရာ၊ မူးယစ်ဆေးဝါးဆိုင်ရာနှင့် ကျန်းမာရေးဆိုင်ရာစသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)