ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ဒဂုံအရှေ့ နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသူက မီးသတ်တပ်ဖွဲ့ဝင်များသည်စေတနာ့ဝန်ထမ်းများဖြစ်ကြောင်း၊ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူအကျိုးပြု ဆောင်ရွက်ရေးဟူသော ရည်မှန်းချက်များဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်တို့မှ ကာကွယ်တားဆီးရန် တပ်ဖွဲ့နည်းတူအရန်မီးသတ် တပ်ဖွဲ့များကိုမီးသတ်ပညာရပ်၊ အသက်ကယ်ဆယ်ရေး ပညာရပ်များတွင်စွမ်းရည်ပြည့်ဝစေရန် လိုအပ်ကြောင်းစသည့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား (၁၅၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၆ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ လေးပတ်​ကြာသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)