ပျော်ဘွယ် နိုဝင်ဘာ ၆
ပျော်ဘွယ်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို နိုဝင်ဘာလ(၆)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင်များက စာရေးဆရာ ခင်မောင်ဇော်ရေးသားသည့် “လူငယ်နှင့်ငြိမ်းချမ်းရေးတန်ဖိုး” စာအုပ်ပါအကြောင်းအရာကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် လူငယ်များအနေဖြင့် တန်ဖိုးဆိုသည်ကိုသိရှိနိုင်ရန် ဥပမာများနှင့်နှိုင်းယှဉ်ကာပြသထားပါကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်ကိုလည်းသိရှိနိုင်ရန် ရှင်းလင်းပြသထားပါကြောင်း၊ လူငယ်များအနေဖြင့် စည်းကမ်းရှိစွာနေထိုင်နိုင်ရေး၊ ခေါင်းဆောင်ရမည့်နေရာသို့ ရောက်ရှိလာပါက နည်းလမ်းတကျ ဦးဆောင်သွားနိုင်ရေးတို့ကို ရှင်းလင်းထားသောကြောင့် လူငယ်များ အတုယူဖွယ် စာအုပ်ကောင်းဖြစ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)