ဥတ္တရခရိုင် ပြည်သူ့ကြည့်တိုက်၌ ဖိုးထောင် ဇာတ်လမ်းစုံစာအုပ်ဖြင့် (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက အမျိုးသာစာပေဆုရှင် စာရေးဆရာကြီး စိုးတင့် (ဧရာဝတီ) ရေးသားသည့် "ဖိုးထောင်ဇာတ်လမ်းစုံ" စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး စိုးတင့် (ဧရာဝတီ) က မုဒိတာစကားပြောကြားပြီး စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာ အိုင်ပီမျိုးအောင်၊ စာရေးဆရာသဘာဝ၊  စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာ အညာသားဗထူး(ကျားတက်မြေ)၊ စာရေးဆရာကိုလင်း(အညာမြေ)၊ စာရေးဆရာ မောင်သန်းညွန့်(မြစ်ခြေ)၊ စာရေးဆရာမဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာမချယ်ချယ်(YU) စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ စာရေးဆရာမလုံမငယ်(လူမှု)နှင့် စာပေဝါသနာရှင်တို့က အမျိုးသားစာပေဆုရှင် စာရေးဆရာကြီး စိုးတင့်(ဧရာဝတီ) ရေးသားသည့် "ဖိုးထောင်ဇာတ်လမ်းစုံ" စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)