ဝမ်းတွင်း နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့်အားကစားပြိုင်ပွဲများကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (သဲတော-ဝမ်းတွင်း)နှင့် မြို့နယ်အားကစားကွင်းတို့တွင် ပြုလုပ်ခဲ့ကြသည်။
မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများက အားကစားနည်း(၅)မျိုးကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့်အရွေးခံရပါက ခရိုင်အဆင့်သို့ ဆက်လက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်အားကစားပြိုင်ပွဲ၌ ဘောလုံးပြိုင်ပွဲတွင် ကျား(၁၀၀)ဦး၊ မ(၂၅)ဦး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ကျား(၂၁)ဦး၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ကျား(၁၀)ဦး၊ ဘောလီဘောပြိုင်ပွဲတွင် ကျား(၂၅)ဦး၊ မ(၁၂)ဦး၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင် (၅၀)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)