ကျောက်ဆည် နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကစားနိုင်ရေး ယနေ့နံနက်(၈)နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းတွင် အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ပဏာမလူရွေးချယ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လူရွေးချယ်ပွဲတွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောပြိုင်ပွဲ၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီးကြက်တောင်ရိုက် ပြိုင်ပွဲ၊ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲများနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများဖြစ်သည့် မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ မီတာ (၁၀၀၀)၊ မီတာ(၅၀၀၀)၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးထပ်ဆင့်ခုန်ပြိုင်ပွဲများ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများတွင် စိတ်အားထက်သန်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ကာယနည်းပြဆရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အရွေးချယ်ခံ ကျောင်းသား/ကျောင်းသူများအနေဖြင့် ခရိုင်အဆင့်ပြိုင်ပွဲများမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး ကျောင်းသားအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်