မန်ကန် အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မှ ပြည်သူများအား အသိပညာပေးသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း က သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရုံးရှေ့တွင် နံရံကပ် စာစောင် ပြုလုပ်၍ ပြသထားကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် အိတ်ချ်ပီဗီပိုးအကြောင်း သိကောင်းစရာများ၊ ကာကွယ်ဆေး ထိုးနှံပေးမည့်အစီအစဉ်များ၊ ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ် ခြင်း နည်းလမ်းများ၊ ရောဂါ၏ နောက်ဆက်တွဲပြဿနာများ၊ ပူးပေါင်းပါဝင်ပေးရန် နှိုးဆော်ချက်များ၊ ရောဂါနှင့် ပတ်သက်သည့် အခြားအရေးကြီးသော သတင်းအချက်အလက်များကို ဖော်ပြထားကြောင်း သိရသည်။
ကျော်ဇင်ထက်(ပြန်/ဆက်)