ဗဟန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ဗဟန်း နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ စာဖတ်ဝိုင်းကို ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်က ဗဟန်း၊ လူထုအခြပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် Book Club ဥက္ကဋ္ဌ စာရေးဆရာဟိန်းဇေက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီမှူး ဒေါ်စန္ဒာမိုးက စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့ရရှိလာသည့် သုတ၊ ရသ အတွေးအမြင်၊ ဗဟုသုတများအား မျှဝေခံစားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းအား ကျင်းပရခြင်းဖြစ်ကြာင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာနတ်ထီးလှိုင်ရေးသားသော သုဝဏ္ဏဘူမိနှင့် မနုဿီဟရှာပုံတော် စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဆွေးနွေးကြရာ စာရေးဆရာနတ်ထီးလှိုင်၊ စာရေးဆရာဟိန်းဇေ၊ စာရေးဆရာအောင်သင်း၊ စာရေးဆရာမပေါက်ပေါက်၊ စာရေးဆရာမနန်းဟင်းပြင်းနှင့် စာရေးဆရာမတင့်တယ်ခင် တို့ကအခန်းလိုက်ခေါင်းစဉ်ပါ စာစုများကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက ၎င်းစာအုပ်ပါအကြောင်းအရာများ၊ အတွေးအမြင်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)