ချောင်းဆုံ နိုဝင်ဘာ ၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် မီးဘေးအန္တရယ်နှင့် သဘာဝဘေးအန္တရယ်များကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရညသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်တာဝန်များကို စွမ်းရည်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် လိုအပ်ပါက လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ကြရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့ဝင် ဝတ်စုံများအား ပေးအပ်ခဲ့သည်။
အဆိုပါ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ပြီး လေ့ကျင့်ရေးသင်တန်းကာလကို (၄) ပတ်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)