မူဆယ်တွင် ဆန်နှင့် သားငါးများ ဈေးသက်သာစွာဖြင့်ရောင်းချပေးမည်

မူဆယ် နိုဝင်ဘာလ

မူဆယ်နေ ပြည်သူလူထုများသို့ နေ့စဉ်စားဝတ်နေမှုကို အထိုက်အလျောက်ပြေပျောက်ရေး၊ စားသုံးကုန်ပစ္စည်းဈေးမြင့်တက်မှုမရှိစေရန် ရည်ရွယ်ချက်ဖြင့်‌‌ အောက်တိုဘာလ၄ရက်နေ့မှစ၍ ဆန်နှင့် သားငါးများဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးမည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကုန်သွယ်ရေးဌာန၊ အကောက်ခွန်ဌာန များကစီမံ၍  တစ်ဖက်နိုင်ငံသို့ တင်ပို့မည့် ဆန်အိတ်ပေါင်း ၇၀၀၀ ကျော်ကို မူဆယ်နေ ပြည်သူလူထုသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးပါမည်။ ထိုသို့ရောင်းချပေးရာတွင် မြို့ပေါ်ရပ်ကွက်အလိုက် သတ်မှတ်သောနေရာတွင်လည်းကောင်း၊ ကုန်သည်ကြီးများအသင်းရုံးတွင်လည်းကောင်း၊ မနောသုခ ဆန်တစ်အိတ် (50kg) ၁၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးမည် ဖြစ်ပါသည်။ ထို့ပြင် မူဆယ်မြို့ပေါ် ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ဘိလပ်မြေနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း တစ်ဖက်နိုင်ငံမှ တိုက်ရိုက်မှာယူ၍ ဝန်ဆောင်ခနှုတ်ပြီး အသက်သာဆုံးဈေးဖြင့် ရောင်းချပေးမည်ဖြစ်ပါ၍ တည်ဆောက်ရေးလုပ်ငန်း၊ အလုပ်သမားများလုပ်ခအတွက် အဆင်ပြေစေရေး ခရိုင်/မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 

မူဆယ်ခရိုင်(ပြန်ဆက်)