ဘီးလင်း နိုဝင်ဘာ ၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘိုးလှကြီးရပ်ကွက်ဘောလုံးကွင်၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းဝင်ရောက်နေရာယူကြပြီး နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဘီးလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းဇုံ (၆) ဇုံမှ အမျိုးသားအသင်း (၆) သင်းဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမနေ့ပွဲစဉ်အဖြစ် ကန်သာယာအသင်းနှင့် တောင်စွန်းအသင်း၊ ငါးဘတ်ချောင်အသင်းနှင့် ဇုတ်သုတ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အမျိုးသားအားကစားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ၇ ရက်ကြာယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ကွင်းဖွင့်ပွဲအခမ်းအနားသို့ ဘီးလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)