ကာလိမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကာလိ နိုဝင်ဘာ ၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကာလိမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်း (ခွဲ) (ကျိုင်းလွန်း) ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းပြ ဆရာမ ဒေါ်အိအိဖြူက အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ထင်ထင်ကျော်က  ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမား၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက် အကြောင်းအရာများကို  ရှင်းလင်းဟောပြောခဲ့သည်။  

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ နံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း  သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)