မိုင်းရှူးမြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းဆောင်ရွက်

မိုင်းရှူး နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး၊ ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ‌ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက် (၂) နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်စသည့် ပုံမှန်ကာကွယ်ဆေးများကို စနစ်တကျတိုက်ကျွေး၊ ထိုးနှံပေးခဲ့ပြီး အသက်(၆)လမှ (၅)နှစ်‌အထိ ကလေးငယ်များအတွက် သံဓါတ်ဖြည့်အာဟာရမုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)