ကျိုင်းတုံ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူးရုံး၌ ယာဉ်မောင်း (မွမ်းမံ) သင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ခရိုင်၊ မြို့နယ်၊ နယ်မြေ မီးသတ်စခန်းများရှိ လက်ရှိ မီးငြိမ်းသတ်ယာဉ်များနှင့် ထပ်မံတိုးတက်လာမည့် မီးငြိမ်းသတ်ယာဉ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်ရေးနှင့် မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းသားများအနေဖြင့် ကြိုးစာသင်ယူလိုက်နာ ဆောင်ရွက်သွားကြဖို့ သင်တန်းဖွင့် မိန့်ခွန်းပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင် (၂) ဦးမင်းညိုက သင်တန်းသားများအား သင်မောင်းလိုင်စင်များ ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင် (၃၀) ဦး တက်ရောက်ပြီး နိုင်ဝင်ဘာ ၆ ရက်မှ ၁၇ ရက်နေ့ထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)