ဗန်းမော် နိုဝင်ဘာ ၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို မိုးဖိန်းကျေးရွာအုပ်စု တာမိုင်းလုံကျေးရွာတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဗန်းမော်မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းမေက ဦးဆောင်၍ စာရင်းကောက်ယူရေးအဖွဲ့များက ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းကို ဗန်းမော်မြို့နယ် အတွင်းတွင် မြို့မ၊ ဆင်ကုန်း၊ နမ့်ဖား၊ ၂-မိုင်အောင်သာ၊ ဟန်းတဲစသည့် ရပ်ကွက် (၆)ခုနှင့် တာမိုင်းလုံ၊ ခိုကျင်၊ စီအင်၊ ကုန်းမဟတ်၊ ကံကြီး၊ စင့်ကင်စသည့် ကျေးရွာ (၅)ရွာတို့ရှိ အိမ်ထောင်စုပေါင်း (၃၄၈၂)စုတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ကွင်းဆင်းကောက်ယူသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန် ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံ ကိန်းဂဏန်းများ မှန်ကန်မှုရှိစေရေးတို့အတွက် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်