တန့်ယန်းမြို့နယ် အမှတ် (၆) ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲကျင်းပ

တန့်ယန်း နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၆) ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲကြီးကို ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အမှတ် (၆) ရပ်ကွက် ဝိန်းလောင်းဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်ပွဲကြီးကို ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ဦးဆောင်၍ ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ဒေသခံပြည်သူများနှင့် စေတနာရှင်ပြည်သူများ စုပေါင်းကာ ကထိန်လျာသင်္ကန်းနှင့် ပဒေသာစုစုပေါင်း (၄၃) ပင်ဖြင့် ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း ရှမ်းတိုင်းရင်းသားရိုရာ အိုးစည်ဗုံမောင်းအဖွဲ့များ၊ တိုးနယားအဖွဲ့များနှင့် ယဉ်ကျေးမှုအဖွဲ့များတို့က စနစ်တကျလှည့်လည် ပူဇော်ကျင်းပကြကြောင်း သိရသည်။   

မင်းလွင်ဦး(ပြန်/ဆက်)