မိုင်းလုံမြို့၌ တစ်နိုင်တစ်ပိုင် သီးပင်စားပင်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိ

မိုင်းလုံ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် တစ်နိုင်တစ်ပိုင် သီးပင်စားစိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ရရှိပြီး အဆင်ပြေလျက်ရှိကြောင်းကို မိုင်းလုံမြို့ ခြံစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မိုင်းလုံမြို့သည် တောင်ပေါ်မြို့ဖြစ်သော်လည်း အချိ့အိမ်များသည် စိုက်ပျိုးရန်ခြံများကျယ်ဝန်းပြီး မြေအမျိုးအစားသည်လည်း စိုက်ပျိုးရန်လွယ်ကူသောကြောင့် သီးပင်စားပင်များကို စိုက်ပျိုးဖြစ်ကြောင်း၊ ခြံတွင် တရုတ်နံနံပင်၊ မုန်ညှင်း၊ မုန်လာထုပ်၊ ပဲတောင့်တို၊ ပဲတောင့်ရှည်၊ ကြက်သွန်မြိတ်များကို စိုက်ပျိုးထားပြီး ရပ်ကွက်တွင်းလှည့်၍ ရောင်းချရသောနေ့တွင် တစ်နေ့ (၁၀၀၀၀ မှ ၂၀၀၀၀) ကြားဝင်ငွေရရှိပြီး တစ်ခါတစ်ရံ လိုအပ်သူများက ခြံအထိလာရောက် ဝယ်ယူသူများလည်းရှိကြောင်း သိရသည်။ ခြံစိုက်တောင်သူများလည်း အသီး၊ အရွက်မျိုးစုံ စိုက်ပျိုးပြီး ပြန်လည်ရောင်းချသင့်ကြောင်းကို ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)