တန့်ယန်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲညနေပိုင်းက တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများက မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆို၍ ယာယီစခန်းများ၌ နေရာချထားပေးကာ ကျွေးမွေးပြုစု စောင့်ရှောက်ပြီး နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ကျော်နိုင်ဦးနှင့် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက တန့်ယန်း-ပန်ဆန်းလမ်း မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆို၍ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ “ဝ” စာပေနှင့် ယဉ်ကျေးမှုခန်းမ၊ မိုးလုံလေလုံ အားကစားရုံတို့တွင် စနစ်တကျနေရာချထားပေးကာ စားရေးသောက်ရေး၊ နေရေးထိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးကာ နေရပ်ပြန်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)