နမ့်စန်(တ) နိုဝင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၄) ရက်နေ့ နံနက်၁၀နာရီက အမှတ် (၅) ရပ်ကွက်ရှိ မြို့နယ်အားကစားရုံတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံ တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲပွဲစဉ်အဖြစ် ရွှေဘအသင်းနှင့် ကျော်ခိုင်ဝင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ကျော်ခိုင်ဝင်းအသင်းက အနိုင်ရရှိခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ၂ ရက်ကျင်းပသွားမည်ဖြစ်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာရုံးများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)