ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက် ပိုပိုပြည့် (အိမ်၊ခြံ၊မြေ)နှင့် ဆောက်လုပ်ရေးမိသားစုမှ အိမ်ထောင်စု ၃၀၀ အား စတုဒီတာများ ကျွေးမွေးခြင်းနှင့် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများဖြင့် အလှူဒါနပြုလုပ်

ပုဗ္ဗသီရိ နိုဝင်ဘာ

‌ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက် အလှူရှင် ဦးဟန်သာထွန်း+ဒေါ်သီတာ(သမီး)မမြ‌ဟေသာချို “ပိုပိုပြည့်” အိမ်၊ ခြံ၊ မြေနှင့် ဆောက်လုပ်ရေး မိသားစုမှ စတုဒီတာများကျွေးမွေးခြင်း၊ ဆန်နှင့်စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့နံနက် ပိုင်းနှင့် မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်နေ ဦးဟန်သာထွန်း+ဒေါ်သီတာ(သမီး) မမြ‌ဟေသာချို “ပိုပိုပြည့်” အိမ်၊ ခြံ၊ မြေနှင့် ဆောက်လုပ်ရေးမိသားစုမှ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၃၀၀အား နံနက်ပိုင်းတွင် ထမင်း၊ ဟင်း စတုဒီတာများ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ၊ မွန်းလွဲပိုင်းတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၃ပြည်၊ ကြက်ဥ ၁၀လုံး၊ ခရမ်းချဉ်သီး ၅၀ဆယ်သား၊ ငါးပိ ၂၅ကျပ်သား၊ ဟင်းချိုမှုန့် ၁၅ကျပ်သား၊ ဂေါ်ဖီထုပ် ၁ထုပ် နှင့် ကွေကာအုပ်၊ ကော်ဖီမစ် ၁ထုပ်စီအား လှူဒါန်းပေးဝေခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)