မွန်ပြည်နယ် ဝန်ကြီးချုပ် မဟာမြတ်မုနိဘုရားကြီး ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့်ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချ အခမ်းအနားတက်​ရောက်

မော်လမြိုင် နိုဝင်ဘာ ၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နာဂဝီသတောင်ရိုးတန်းတွင် တင့်တယ်သပ္ပါယ်စွာပွင့်ထွန်း တည်ထားကိုးကွယ်​တော်မူသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ် ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်​နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ​ရှေးဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်​တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးအား ဖူး​မြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက်  ဩဝါဒဆရာ​တော်ကြီးများမှ ဦးစီးအမှူးပြု၍ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူ​ဇော်ခဲ့ပြီး၊ မဟာမြတ်မုနိဘုရားကြီး ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ​ရေစက်ချအခမ်းအနားကို မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးဝင်းအတွင်းရှိ သုခချမ်းသာ ​ကျောင်း​ဆောင်​တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီပဓာန နာယကဆရာတော် သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္ဒဝံသ ဆရာတော်ထံငါးပါးသီလခံယူ ဆောက်တည်ပြီး၊ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်ထံမှ မေတ္တာသုတ်အစရှိ​သော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်​တော်တရားကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာ​တော်အရှင်သူများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာ​တော်အရှင်သူမြတ်များအား ​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)