လားရှိုး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ကမ္ဗလာသီးများ လားရှိုးမြို့ရှိ သစ်သီးဈေးကွက်အတွင်းသို့ ရောက်ရှိရောင်းဝယ်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကမ္ဗလာသီးများကို လားရှိုးမြို့နယ်အတွင်းတွင် နမ့်ပေါင်နှင့်စဉ့်အင်ကျေးရွာအတွင်းရှိ စိုက်ပျိုးခြံများတွင် အများအပြား စိုက်ပျိုးလေ့ရှိကြပြီး ယခုနှစ်တွင် လားရှိုးမြို့နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အချို့မြေနယ်များသို့ တင်ပို့ရောင်းချလျက်ရှိနေကြောင်း သိရသည်။
“ဒီတစ်နှစ်တော့ မန္တလေးဘက်ကို ခဏပဲတင်ပို့ရောင်းချနိုင်သေးတယ်။ အခုလောလောဆယ် လမ်းတွေ မဖွင့်သေးတော့ လားရှိုးနဲ့တောင်ပိုင်းဘက်ကိုပဲ တင်ပို့ရောင်းချနေရတယ်။”ဟု ကမ္ဗလာစိုက်ပျိုးသူတစ်ဦးက ဆိုသည်။
ကမ္ဗလာသီးဈေးအနေဖြင့် ယခုနှစ်တွင်ဆယ်လုံးလျှင် လေးထောင်ကျပ်ဈေးရှိနေပြီး ယခင်နှစ်ထက် ဈေးပိုရနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)