ကလော နိုဝင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ကလောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade(5) မှ Grade (9) အထိ အင်္ဂလိပ်စာဘာသာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၇၇)ဦးနှင့် သင်္ချာဘာသာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၁၀၈)ဦး၊ စုစုပေါင်း (၁၈၅)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)