တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများ အတည်ပြုနိုင်ရန် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများ အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မိတ္ထီလာမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ၂၀ ရာခိုင်နှုန်းသော ရပ်ကွက်၊ ကျေးရွာများမှ  အိမ်ထောင်စုများအား တိရစ္ဆာန်ကောင်ရေစာရင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူလျက်ရှိသည်။

ယင်းသို့ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရာတွင် မြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ခု၊ ကျေးရွာ အုပ်စု ၄၅ အုပ်စု၊ ကျေးရွာ ၇၈ ရွာမှ အိမ်ထောင်စု ၁၂၀၄၀ စုအား အဖွဲ့ ၇ ဖွဲ့ဖြင့် ကောက်ယူလျက်ရှိရာ ယနေ့အထိ ကျေးရွာ ၂၁ ရွာ အိမ်ထောင်စု ၁၅၅၇ စုကို ကောက်ယူပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)