ကျောက်ဆည် နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၈)နာရီက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာမှ အမျိုးသမီးရေးရာအဖွဲ့ ဆယ်အိမ်စုမှူးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍကြီး(၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့် အမျိုးသမီးများ၏အခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်း၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးများကို ကာကွယ်ပေးခြင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုမြတ်နိုး တန်းဖိုးထားသည့် စိတ်ဓာမြှင့်တင်ခြင်း၊ အကြမ်းဖက်မှုမှ ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်ခြင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များအား လူကုန်ကူးမှုလျော့နည်း ပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆယ်အိမ်စုမှူးများအတွက် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေရရှိရေးဆောင်ရွက်နိုင်မည့် ဖိနပ်ပြုလုပ်ခြင်း၊ ခြင်းအလှယက်လုပ်ခြင်း သင်တန်းများဖွင့်လှစ်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မန္တေလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဖုန်းဝင်းက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး ကွန်ဗင်းရှင်း၏အကြောင်းများ၊ အမျိုးသမီးများနှင့်ပတ်သတ်၍ မိန်းမတို့၏ကာယအိန္ဒြေကိုပျက်ပြားစေရန် အကြံဖြင့်ကျူးလွန်ခြင်းနှင့် လိမ်လည်ခြင်း၊ ခိုးခြင်း၊ အတင်းအဓမ္မထိမ်းမြားပေးစားခြင်း၊ ဆက်သွယ်ရေးကွန်ယက်ကိုအသုံးပြု၍ ခြောက်လှန့်ခြင်း၊ လိုချင်သည့်အရာများတောင်းခံခြင်း၊ ခြိမ်းခြောက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း စသည့်အကြာင်းအရာများအား ရှင်းလင်းပြောကြားခဲ့ရာ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အမျိုးသမီး ဆယ်အိမ်စုမှူးများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ပြီး တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့်တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သွဲ့ဝေလွင်နှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)