လားရှိုး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသော်လည်း လားရှိုးမြို့တွင်းရှိ ဈေးများ၊ ဈေးဆိုင်များမှာ ပုံမှန်အတိုင်းရောင်းဝယ်လျက် ရှိနေကြောင်း သိရသည်။
ဝါကျွတ်ကာလအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ၊ လှူဖွယ်ပစ္စည်းများကို တိုက်ပွဲဖြစ်ပွားမှု မရှိသည့်ကျေးရွာများမှ ဒေသခံများက လားရှိုးမြို့ပေါ်ရှိ ဈေးဆိုင်များနှင့် ဈေးများတွင် လာရောက်ဝယ်ယူ လျက်ရှိသည်ကို တွေ့ရသည်။
ယခုအချိန်တွင် လားရှိုးမြို့သို့ လာရောက်မည့် မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် ဖြတ်သန်းခွင့်မရသေးခြင်းကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဘက်မှပတ်ကာ ခရီးသွားလာနေကြရသဖြင့် ကုန်ဈေးနှုန်းအနည်းငယ် တိုးမြှင့်သည်မှလွဲ၍ ပုံမှန်အတိုင်းရောင်းဝယ်လျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)